Ease of Doing Business

Myanmar Doing Business Website အတွက် Content Management သင်တန်းဖွင့်လှစ်

Last Updated:

     မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ အစည်းအဝေးခန်းမတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ Myanmar Doing Business Website အတွက် Content Management Training သင်တန်းကို Information Matrix Companyနှင့် ပူးပေါင်း၍ ဒုတိယအကြိမ်ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲတွင် စီးပွား ရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န် ဦးအောင်စိုး၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် ညွှန်ကြားရေးမှူးများ၊ Information Matrix မှ သင်တန်းဆရာများနှင့် Myanmar Doing Business Website အတွက် အညွှန်းကိန်းအလိုက် တာ၀န်ယူထားသော ၀န်ကြီးဌာနအသီးသီးမှ သင်တန်းသား ၂၅ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

     သင်တန်းဖွင့်ပွဲတွင် အမြဲတမ်းအတွင်း၀န် ဦးအောင်စိုးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ အခြေခံအကျဆုံးအချက်မှာ ယခု Myanmar Doing Business Website တွင် အညွှန်းကိန်းအလိုက် တင်ပြထားသည့် သတင်းအချက်အလက်များ၊ ဖြေလျှော့မှုများ၊ ပြုပြင်ပြောင်းလဲမှုများကို အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်ရေးဖြစ်ကြောင်း၊ ယခု လက်ရှိအခြေအနေတွင် ၀န်ကြီးဌာန အသီးသီးသည် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်ဆံရသည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူစေရေးအတွက် ယခု ဝက်ဘ်ဆိုက်သည် သတင်းအချက်အလက်အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်သည်နှင့်အမျှ များစွာတန်ဖိုးရှိကြောင်း၊ ယခုပြုလုပ်သောသင်တန်းသည် ဒုတိယအကြိမ် သင်တန်းဖြစ်ကြောင်း၊ သင်တန်းပြီးသွားလျှင်လည်း လက်တွေ့အကောင်အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ Information Matrix ၏ တာ၀န်ခံမှ Website ပြုလုပ်ခဲ့သည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေအတွက် ယနေ့ Content Management သင်တန်းကို ကျင်းပသွားခြင်းဖြစ်ကြောင်းရှင်းလင်းသွားပါသည်။ သင်တန်းကို ယနေ့တစ်ရက်တည်းပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိိပါသည်။

( ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့)